Skip to Content

Terms & Conditions

၁။ ဘိုကင်တင်ခြင်းနှင့် ကြိုတင်စာရင်းပေးခြင်း
  • မှတ်ပုံတင်အထောက်အထား: ဟိုတယ်သို့ စတင်ဝင်ရောက်တည်းခိုချိန် (Check-in) တွင် အစိုးရမှ တရားဝင် ထုတ်ပေးထားသော နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) သို့မဟုတ် နိုင်ငံကူးလက်မှတ် (Passport) မူရင်းကို မပျက်မကွက် ပြသရန် လိုအပ်ပါသည်။
  • အတည်ပြုပေးခြင်း: လူကြီးမင်း၏ ဘိုကင်ကို စနစ်မှ ဘိုကင်အမှတ်စဉ် (Serial Number) ပါရှိသည့် အတည်ပြု အီးမေးလ် ပေးပို့ပြီးမှသာ အတည်ပြုပြီး (Confirmed) ဖြစ်သည်ဟု သတ်မှတ်ပါမည်။
၂။ ငွေပေးချေမှုနှင့် ငွေကြေး
  • ငွေပေးချေမှုနည်းလမ်း: ကျွန်ုပ်တို့၏ ဒစ်ဂျစ်တယ်ဘိုကင်စနစ်များအတွက် KBZ Pay နှင့် MMQR တို့မှတစ်ဆင့် ငွေပေးချေမှုများကို လက်ခံဆောင်ရွက်ပေးနေပါသည်။
  • ငွေကြေးစနစ်: ဖော်ပြပါဈေးနှုန်းများကို မြန်မာကျပ်ငွေ (MMK) ဖြင့် သတ်မှတ်ထားခြင်း ဖြစ်ပါသည်။ အခြားနိုင်ငံခြားငွေဖြင့် ပေးချေလိုပါက ဟိုတယ်၏ သတ်မှတ် ငွေလဲလှယ်နှုန်း အတိုင်းသာ တွက်ချက်ဆောင်ရွက်ပေးပါမည်။
  • ကြိုတင်ငွေ: သတ်မှတ်ထားသော ဘိုကင်အမျိုးအစားများအတွက် အခန်းခ အပြည့်အဝကို ကြိုတင်ပေးချေရမည်။
၃။ ဘွတ်ကင်ပယ်ဖျက်မှုနှင့် ငွေပြန်အမ်းမှု စည်းမျဉ်းများ
ကြိုတင်အကြောင်းကြားရမည့်ကာလ (Notice Period) ဘိုကင်ပယ်ဖျက်ခ (Cancellation Fee)
ရောက်ရှိမည့်ရက်မတိုင်မီ ၁၅ ရက် မှ ၃၀ ရက်အလို စုစုပေါင်းကျသင့်ငွေ၏ ၁၅%
ရောက်ရှိမည့်ရက်မတိုင်မီ ၈ ရက် မှ ၁၄ ရက်အလို စုစုပေါင်းကျသင့်ငွေ၏ ၂၀%
ရောက်ရှိမည့်ရက်မတိုင်မီ ၇ ရက် (၁ ပတ်) အတွင်း စုစုပေါင်းကျသင့်ငွေ၏ ၅၀%
ရောက်ရှိမည့်ရက်မတိုင်မီ ၂ ရက် (၄၈ နာရီ) အတွင်း စုစုပေါင်းကျသင့်ငွေ၏ ၁၀၀%
  • ဘိုကင်ပယ်ဖျက်လိုပါက ဟိုတယ်ဧည့်ကြိုဌာန (Reception) သို့ တိုက်ရိုက်ဖုန်းဆက်၍သော်လည်းကောင်း၊ Jasmine Taunggyi Hotel ၏ တရားဝင် Viber Account သို့မဟုတ် Email မှတစ်ဆင့် စာဖြင့်ရေးသား၍သော်လည်းကောင်း အကြောင်းကြားရပါမည်။
  • သတ်မှတ်ချက်များနှင့် ကိုက်ညီ၍ ငွေပြန်အမ်းပေးရန်ရှိပါက လုပ်ငန်းဖွင့်ရက် ၇ ရက် မှ ၁၄ ရက်အတွင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။
  • ဘိုကင်ပယ်ဖျက်ကြောင်း ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ တည်းခိုမည့်ရက်တွင် ရောက်ရှိမလာပါက (No-show) စုစုပေါင်း ကျသင့်ငွေ၏ ၁၀၀% ကို ကောက်ခံသွားမည် ဖြစ်ပါသည်။
၄။ ဝင်ရောက်ချိန်နှင့် ထွက်ခွာချိန်
  • စတင်ဝင်ရောက်ချိန်: မွန်းလွဲ ၂:၀၀ နာရီမှ စတင်၍ (From 2:00 PM)၊ သတ်မှတ်ချိန်ထက် စော၍ ဝင်ရောက်လိုပါက (Early Check-in) အခန်းလွတ်ရှိမရှိပေါ် မူတည်၍သာ ဆောင်ရွက်ပေးနိုင်ပါမည်။
  • ထွက်ခွာချိန်: နေ့လယ် ၁၂:၀၀ နာရီ နောက်ဆုံးထား၍ (By 12:00 PM) ၊ သတ်မှတ်ချိန်ထက် နောက်ကျမှ ထွက်ခွာခြင်း (Late Check-out) အတွက် ထပ်ဆောင်းစရိတ်များ ကျသင့်နိုင်ပါသည်။
၅။ ဟိုတယ်စည်းကမ်းချက်များနှင့် တာဝန်ယူမှု
  • ဆေးလိပ်သောက်ခြင်းဆိုင်ရာ သတ်မှတ်ချက်: ဧည့်ခန်းအတွင်း ဆေးလိပ်သောက်ခြင်းကို လုံးဝတားမြစ်ထားပါသည်။ အကယ်၍ အခန်းတွင်း ဆေးလိပ်သောက်သည်ကို စစ်ဆေးတွေ့ရှိပါက ဒဏ်ကြေးအဖြစ် အမေရိကန်ဒေါ်လာ ၁၅၀ ($150) ပေးဆောင်ရပါမည်။
  • ဟိုတယ်ပိုင်ပစ္စည်း ပျက်စီးဆုံးရှုံးမှု: တည်းခိုနေထိုင်စဉ်အတွင်း ဟိုတယ်ပိုင်ပစ္စည်းများကို တစ်စုံတစ်ရာ ပျက်စီးဆုံးရှုံးစေပါက တည်းခိုသူ ဧည့်သည်တွင် တာဝန်ရှိပြီး ပျက်စီးမှုအခြေအနေအလိုက် လျော်ကြေးငွေပေးဆောင်ရပါမည်။
၆။ ကလေးငယ်များနှင့် အပိုတည်းခိုသူများဆိုင်ရာ သတ်မှတ်ချက်
  • အသက် ၆ နှစ်အောက် ကလေးငယ်များ: မိဘများနှင့်အတူ ရှိရင်းစွဲကုတင်တွင် အတူတူအိပ်စက်ပါက မည်သည့်အခကြေးငွေမျှ ထပ်မံပေးဆောင်ရန် မလိုပါ။
  • အသက် ၆ နှစ်မှ ၁၂ နှစ်အတွင်း: နံနက်စာအတွက် သတ်မှတ်ထားသော ဈေးနှုန်း၏ ၅၀% (တစ်ဝက်) ကျသင့်ပါမည်။
  • အသက် ၁၂ နှစ်အထက် ဧည့်သည်များ: ဤအသက်အရွယ်ရှိသူများကို လူကြီးအဖြစ် သတ်မှတ်ပြီး ပုံမှန်လူကြီးဈေးနှုန်းများအတိုင်း ကျသင့်ပါမည်။
  • အပိုတည်းခိုသူ (အပိုကုတင်မပါဝင်ပါ): အခန်းတွင်း အပိုကုတင်မယူဘဲ တည်းခိုမည့်သူများအတွက် တစ်ညလျှင် ၆၀,၀၀၀ ကျပ် (60,000 MMK) ကျသင့်ပါမည်။
  • ပါဝင်သော ဝန်ဆောင်မှုများ: အထက်ပါ ဝန်ဆောင်ခတွင် အပိုတည်းခိုသူအတွက် လိုအပ်သော အခန်းတွင်းသုံး ပစ္စည်းများ (Amenities) နှင့် အသုံးအဆောင်များ (Utilities) အတွက် ကုန်ကျစရိတ်များ ပါဝင်ပြီး ဖြစ်ပါသည်။
  • တည်းခိုနိုင်သည့်လူဦးရေကန့်သတ်ချက်: ဧည့်သည်တော်များ၏ ဘေးကင်းလုံခြုံမှုနှင့် သက်တောင့်သက်သာရှိစေရန်အတွက် အခန်းအမျိုးအစားအလိုက် သတ်မှတ်ထားသော လူဦးရေကန့်သတ်ချက်ကို တိကျစွာ လိုက်နာဆောင်ရွက်ပေးရန် လိုအပ်ပါသည်။
1. Booking & Reservation
  • Identification: A valid government-issued ID (NRC) or passport is required upon check-in.
  • Confirmation: A booking is only considered confirmed once a confirmation email with a unique serial number is issued by the system.
2. Payment & Currency
  • Payment Method: We accept payments via KBZ Pay and MMQR for digital bookings.
  • Currency: Rates are quoted in MMK. Any currency conversion is based on the hotel's prevailing exchange rate at the time of payment.
  • Deposit: The hotel may require a full deposit.
3. Cancellation & Refund Policy

To ensure the highest level of service and availability for all our guests, Jasmine Taunggyi Hotel applies the following cancellation schedule. Cancellation fees are calculated as a percentage of the total booking amount:

Notice Period Cancellation Fee
15 - 30 days prior to arrival 15% of total payment
8 - 14 days prior to arrival 20% of total payment
Within 7 days (1 week) of arrival 50% of total payment
2 days (48 hours) prior to arrival 100% of total payment
  • All cancellation requests must be phoned directly to Reception or submitted in writing via Jasmine Taunggyi Hotel official Viber account or email.
  • Refunds (if applicable) will be processed within 7-14 business days.
  • No-shows will be charged 100% of the total booking cost.
4. Check-in & Check-out
  • Check-in time: From 2:00 PM. Early check-in is subject to room availability.
  • Check-out time: By 12:00 PM. Late check-out may incur additional fees.
5. Hotel Rules & Liability
  • Smoking Policy: Smoking in rooms will result in a USD 150 fine.
  • Damage to Property: Guests are responsible for any damage caused to hotel property during their stay and will be charged accordingly.
  • Liability: The hotel is not responsible for the loss of money, jewelry, or valuables left in the room; please use the safety box provided in the room.
6. Child & Extra Person Policy
  • Children Under 6: No charges apply when sharing existing bedding with parents.
  • Children 6 to 12: A 50% (half-price) charge applies for breakfast.
  • Guests Over 12: These guests are considered adults and are subject to standard adult rates.
  • Extra Person (No Extra Bed): A fee of 60,000 MMK per night applies for any additional person staying in the room without an extra bed.
  • Included Service: This fee covers the cost of additional room amenities and utilities provided for the extra guest.
  • Capacity Limits: Each room type has a maximum occupancy limit that must be strictly followed for guest safety and comfort.